International News

ဟောင်ကောင်ဒေသ၌ COVID-19 ဖြစ်ပွားမှု တတိယလှိုင်းကြောင့် စီးပွားရေးကဏ္ဍထိခိုက်နိုင်ကြောင်း ဘဏ္ဍာရေးအတွင်းဝန်ကပြောကြားခြင်း

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် COVID-19 ကာကွယ်တိုက်ဖျက်မှုနှင့် ဒေသ၏ စီးပွားရေးကို ထိန်းသိမ်းနိုင်ရန် ဟန်ချက်ညီအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုဖြစ်ပွားနေသော COVID-19 တတိယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းကို ထိခိုက်နိုင်ကြောင်း၊ ဒေသ၏ စီးပွားရေးပြန်လည် ကောင်းမွန်စေရန် ဒေသတွင်း သုံးစွဲမှုများ မြှင့်တင်နိုင်အောင် အမြဲတမ်းနေထိုင်ခွင့်ရသူများကို ဟောင်ကောင်ဒေါ်လာ (၁၀,၀၀၀) ထုတ်ပေးပြီး နောက်ပိုင်း တတိယလှိုင်းကူးစက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် COVID-19 ကာကွယ်ရန်နှင့် စီးပွားရေးပြန်လည် ကောင်းမွန်လာရန် တစ်ချိန်တည်းတွင် ရေရှည်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ဟောင်ကောင်‌ဒေသခံများ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုများ ကန့်သတ်ထားသဖြင့် နွေရာသီကာလတွင် ဒေသတွင်း လက်လီရောင်းချမှုများနှင့် အစားအစာအဖျော်ယမကာများ ရောင်းချရမှု များမြင့်တက်သည့်ကာလ ဖြစ်သော်လည်း COVID-19 ပြန်လည်ဖြစ်ပွားမှုကြောင့် ‌ဟောင်ကောင်ဒေသခံများ နေအိမ် ပြင်ပသို့ ထွက်ခွာမှုများ နည်းပါးပြီး သုံးစွဲမှုများလျော့ကျကာ ဒေသ၏စီးပွားရေးကိုထိခိုက်နိုင်သည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း၊ ဒေသ၌နေထိုင်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာခြင်းများ လျော့ချသင့်ကြောင်း၊ COVID-19 တတိယလှိုင်းအား ဖြတ်ကျော်နိုင်သည့် ကာလသို့ မရောက်မချင်း အွန်လိုင်းမှ ရောင်းချမှုများ မြှင့်တင်ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်ဒေသ ဂျီဒီပီမှာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ် အတွင်း (၈.၉) ရာခိုင်နှုန်း လျော့ကျခဲ့ရာ တစ်နှစ်ပတ်လုံးအတွက် (၄) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိလျော့ကျနိုင်ကြောင်း၊ ဒေသတွင်းကူးစက်မှ မရှိဘဲ (၃) ပတ်ကြာရှိခဲ့ ရာမှ ဇူလိုင်လ (၅) ရက်နောက်ပိုင်းတွင် ဒေသတွင်းပြန်လည် ကူးစက်မှုများဖြစ်လာပြီး စားသောက်ဆိုင်များ၊ ဘားများနှင့် အားကစားရုံများ၊ ပန်းခြံ အစရှိသည့် အပမ်းဖြေနေရာများ၌ လူအချင်းချင်းခပ်ခွာခွာ နေထိုင်မှုများ ပြန်လည်လုပ်ကိုင်လာရာ ဟောင်ကောင်မြို့ စီးပွားရေးကို ပြင်းထန်စွာ ရိုက်ခတ်နိုင်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr. Paul Chan Mo-po ကပြောကြားခဲ့မှုအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌  Zoe Low နှင့် Ng Kang- chung က “ Hong Kong third wave: finance chief warns of new coronavirus blow for business” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News